Window Deployment Services ( WDS )

WDS

ကျွန်တော်အခုဖေါ်ပြပေးမှာကတော့ WDS လို့ခေါ်တဲ့ Window Deployment Service

အကြောင်းကိုဖေါ်ပြပေးမှာပဲဖြစ်ပါတယ်။ Window Deployment Service သည် Window Server 2008 မှာပါဝင်တဲ့ Feature အသစ် တစ်ခုဖြစ်ပြီး Remote Installation Service (RIS) ကို Update

လုပ်ထားတဲ့ version အသစ်တစ်ခုဖြစ်ပါတယ်။ Window Deployment Service ကိုအသုံးပြုတာကတော့ Network ပေါ်မှာရှိတဲ့ Client Computer များအတွက် Operating System

များကို အလွယ်တကူ အသုံးပြုနိုင်ရန်ပြုလုပ်ပေးထားတဲ့ Service ဖြစ်ပါတယ်။ ဆိုလိုတာကတော့ Client Computer များမှာ CD Rom or DVD Rom တွေ ၊ Hard Dick တွေကို အသုံးပြု၍ Operation System များကို Install လုပ်ပြီး အသုံးပြုဖို့ရန် အသုံးပြုဖို့ရန် မလိုအပ်တော့ပဲနဲ့ Windows Deploment Service အားအသုံးပြုပြီး Network ပေါ်မှတဆင့် Operation System များကို Install လုပ်၍ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီတော့မိမိရဲ့ Network ထဲမှာရှိတဲ့ Computer များက WDS အားအသုံးပြုမယ်ဆိုရင် WDS Server ရှိမှသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ WDS Server သည် Client Computer များမှ Operation System (OS) အားအသုံးပြုနိုင်ရန်အတွက် Operation System Image File များ ကိုသိုလှောင်ထားမှာဖြစ်ပါတယ်။ Operation System Image File ဆိုတာ ကတော့ Windows XP , Window Vista အစရှိတဲ့ OS များရဲ့ Image File များကကိုဆိုလိုတာဖြစ်ပါတယ်။ ကောင်းပြီ ……ကျွန်တော်တို့ WDS Server အားအသုံးပြုတော့မယ်ဆိုရင် ဘာတွေလိုအပ်မလဲဆိုတာကို သိရှိထားရပါမယ်။ WDS Server အားအသုံးပြုတော့မယ်ဆိုရင် လိုအပ်တဲ့အချက်တွေကတော့

Computer များ Network ချိတ်ထားရပါမယ်။ Computer တွေရဲ့ Network Interface တွေမှာ PXE Rom အား ဖွင့်ထားပေးဖို့ရန်အတွက်နှင့် First Boat Devire မှာ Network ထားပေးဖို့ရန်တော့လိုအပ်မှာဖြစ်ပါတယ်။ 

WDS Server ပြုလုပ်မယ့် Computer ကတော့ Server 2008,2012,2016 ကို Installလုပ်ထားရပါမယ်။ ပြီးရင် Active Directory အား Install လုပ်ထားရပါမယ်။ ပြီးရင် DNS နှင့် DHCP Service ကိုလည်း Install ပြုလုပ်ပြီး ၊ Comfigure ချထားပေးရမှာဖြစ်ပါတယ်။ အထက်ပါအဆင့်တွေပြီးသွားပြီးသွားပြီဆိုရင်တော့ WDS Service အား Install ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ Client Computer တွင် PXE ROM ကိုဖွင့်ပေးထားရမယ်ဆိုတာကတော့ ၊ ကျွန်တော်တို့ ရဲ့ Client Computer များသည် WDS Server မှာ Store လုပ်ထားတဲ့ OS ကိုအသုံးပြုနိုင်ဖို့ရန်အတွက် Network ပေါ်ကနေတဆင့် Boat Process အားလုပ်ဆောင်ပေးရမှာပဲဖြစ်ပါတယ်။ ဒီလိုမျိုး Client Computer က Network ပေါ်တွင် Boat လုပ်ငန်းစဉ်အား လုပ်ဆောင်နိုင်အတွက် PXE ROM ကို ဖွင့်ထားပေးရခြင်းဖြစ်ပါတယ်။ PXE ဆိုတာကတော့ Pre Excuation Enviroment လို့ခေါ်ဆိုပြီး Network ပေါ်တွင် Boat လုပ်ငန်းစဉ်အား လုပ်ငန်းစဉ်အားလုပ်ဆောင်ပေးနိုင်ရန်အတွက် ထုပ်လုပ်ပေးထားတဲ့ Technology ပဲဖြစ်ပါတယ်။ 

WDS Server မှာ AD ကို Install လုပ်ထားရတာကတော့ WDS ကိုအသုံးပြုမယ့်  Client Computer များမှာ Login ဝင်ရောက်နိုင်ရန်အတွက် User Account များဖန်တီးပေးနိုင်ဖို့ရန်အတွက် AD ကို Install လုပ်ဆောင်ပေးရခြင်းပါတယ်။ DNS ကို Install လုပ်ရတာကတော့ Window Deployment Service ရဲ့ Service Location အား WDS ကိုအသုံးပြုမယ့် Client Computer များတွေ့ရှိနိုင်ရန် Install လုပ်ပေးထားရခြင်းဖြစ်ပါတယ်။  DHCP ကို Install လုပ်ပေးထားရတာကတော့ Client Computer များသည် Network ပေါ်သို့ PXE Rom အားအသုံးပြုပြီး Boot တက်တဲ့အခါမှာ WDS Server နှင့် Network ချိတ်ဆက်မိရန် VIP Address အား Auto Assign ချပေးဖို့ရန်အတွက် အသုံးပြုရခြင်းပဲဖြစ်ပါတယ်။ Window Deployment Services ထဲမှာတော့ Operation System တွေရဲ့ Image File များနှင့် PXE Boot File ကို သိမ်းဆည်းပေးထားမှာပဲဖြစ်ပါတယ်။ 

ဒီလောက်ဆိုရင် Window Deployment Service ကိုနားလည်မယ်လို့ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်ဒီနေရာမှာပဲ Window Deployment Service ကို ရပ်နားလိုက်ပါတယ်။