Netwrok Engineer လုပ်ပြီ ဆိုရင် configure ချတတ် ယုံမဟုတ်ဘဲနဲ့ ကျွန်တော်တို့ configure ချနေတဲ့ cisco Router or switch တွေမှာ ဘယ်လို အစိတ်အပိုင်းတွေ ပါပြီး ဘယ်လို အလုပ်လုပ် လဲဆိုတာ သိရင် ပို မကောင်းဘူးဗျာ။ အဲတော့ ကျွန်တော်တို့ အတူတူ ဘာတွေပါလဲ လေ့လာ ကြည့်ရအောင်ဗျာ။ cisco router ကလည်း ကျွန်တော်တို့ နေ့စဉ် သုံးနေတဲ့ computer တွေလိုဘဲဗျ။ အနည်းငယ်ဘဲကွာ သွားတာဗျ။ ကဲcisco router ထဲမှာ ပါတဲ့ အစိတ်အပိုင်းတွေကတော့

CPU
RAM
ROM
Flash SIMM
Power Supply
NVRAM
Fan

ဒါတွေကတော့ cisco router မှာ ပါတဲ့ အစိတ်ပိုင်းတွေဘဲဖြစ် ပါတယ်။ တစ်ခု ချင်းစီ ရဲ့ အလုပ်လုပ် ပုံကို ဆက်လေ့လာ ကြည့်ရအောင်။

CPU – computer မှာ ပါတဲ့ CPU လိုပါဘဲ အဓိကကျတဲ့ တွက်ချက် မူတွေကို လုပ်ဆောင်ပေးတယ်

RAM – RAM ကတော့ temporary storage လို့ပြောရမှာ ပေါ့။ ယာယီ မှတ်ပေးထားတယ်။ power ရှိ နေတဲ့ အချိန် အတွင်း ယာယီ မှတ်ထားပေးပြီးတော့ powerမရှိတော့ ရင်ဘာမှ မကျန်တော့ဘူး။ အားလုံး clean။

ROM – သူ့စီမှာ operation system အသေးလေးတစ်ခု ပါဝင်တယ်ဗျ ။ Power on self test လေးလုပ်တယ်။ နောက်တစ်ခုက bootstrap ဆိုတဲ့ အဆင့်တစ်ဆင့် ပါဝင်တယ်။ bootstrap က operation system ရှိ မရှိနဲ့ ကောင်းကောင်း အလုပ်မလုပ် စစ်ဆေးတဲ့ အပိုင်းကို တာဝန်ယူ ဆောင်ရွက် ပေးပါတယ်။

Flash SIMM – Flash SIMM က Cisco Router ရဲ့ operation system ကို သိမ်းပေးထားတဲ့ နေရာလေးပါ။

Power supply – သူကတော့ router တစ်ခု လုံးရဲ့ power source ပိုင်းကို တာဝန်ယူပေးပါတယ်။

NVRAM – NVRAM ကကျွန်တော်တို့computer က Harddisk နဲ့ တူတယ်ဗျ။ Router or Switch ရဲ့ ကျွန်တော်တို့ configure ချလိုက်တဲ့ setting တွေကို ဒီ NVRAM ထဲ သွား save ပေးထားပါတယ်။ NVRAM က Permanent storage ပါ။ မီးပျက် လို့ ပိတ်သွားရင်လည်း မီးပြန်လာတဲ့ အချိန်မှာ အရင် ကျွန်တော်တို့ configure ချထားတဲ့ အတိုင်း ရှိနေမှာ ဖြစ်ပါတယ်။copy running-config တော့ ရိုက်ပေးရတာပေါ့ ။ ဒါမှ NVRAM ထဲရောက်သွားမှာပါ။

Fan – Fan ကတော့ အားလုံးသိတဲ့အတိုင်းဘဲ router or switch တစ်ခု လုံးက အပူငွေ့ တွေကို စုပ်ထုတ်ပေးမှာ ပါ။