Redundancy

Redundancy

ယနေ့ခေတ် organization တွေမှာ Digital office ဖြစ်လာတာနဲ့ အတူ IT Transformation ပိုင်းကို ပိုမို မြန်ဆန်စွာ ကူးပြောင်းလာကြပါတယ်။ ထိုသို့ ကူးပြောင်း လာတာနဲ့အတူ ကျွန်တော်တို့ ရဲ့

IT Structure တွေအကြောင်းအ မျိုးမျိုးကြောင့် ရပ်တန့်သွား နိုင်သလို၊ ရန်သူမျိုး ၅ ပါးကြောင့် ဖြစ်စေ၊ ကပ်သုံးပါး ကြောင့် ဖြစ်ပါစေ ၊ ဆုံးရူံးသွား နိုင်ပါတယ်။ အဲလို တွေ ဖြစ်လာခဲ့ရင် ကျွန်တော်တို့ ရဲ့ Business တွေ ရပ်တန့်မသွားအောင် ကြိုတင် ပြင်ဆင်ထားနိုင်ဖို့လိုအပ်ပါတယ်။ဖြစ် လာခဲ့ရင်လည်း ဘယ်လို Backup plan တွေ ပြုလုပ် ထားသင့်ပါသလဲ။ Redundancy အမျိုးအစား ၄မျိုး ရှိပါတယ်။

  1. Power Redundancy
  2. Site Redundancy
  3. Server Redundancy
  4. Hard disk Redundancy

 

  1. Power Redundancy

Power redundancy ကတော့ အကယ်၍ ကျွန်တော် တို့ ရဲ့ DC(Data Center)ကြီး မီးပျက်သွားခဲ့ရင် power Backup အနေနဲ့ ဘယ်လို လုပ်မလဲ။အောက်မှာ ရှင်းပြထားပေးပါတယ်။Power redundancy မှာ ၂မျို: ရှိပါတယ်။ short term, long term

Short term

Short term မှာ တော့ UPS နဲ့ backup power လုပ်တာ ဖြစ်ပါတယ်။ အနည်းဆုံး ၁၅ မိနစ် မှ နာရီ၀က် ၄၅မိနစ် လောက်ထိ Power backup လုပ်ထားနိုင်ပါတယ်။

Long term

Long term မှာ တော့ generator နဲ့ ကျွန်တော် တို့ ရဲ့ ပင်မလျှပ်စစ် လိုင်းတို့ပါ၀င်ပါတယ်။ တ ခြားနိုင်ငံတွေမှာတော့ third party power company တွေရှိပါတယ်။ အဲတော့ သူတို့တွေကတော့ power ကို ၂လိုင်းခွဲယူလေ့ ရှိပါတယ်။

 

  1. Site Redundancy

ကျွန်တော်တို့ရဲ့ Main DC ကြီး အကြောင်းအမျိုးမျိုး ကြောင့် Down သွားခဲ့ ရင် တခြား တစ်မြို့ (သို့) တခြား တစ်နေရာ မှာ ရှိတဲ့  ကျွန်တော် တို့ ရဲ့ DR (Disaster recovery) site  က Auto ပြန် run မယ် စတဲ့ Redundancy တွေ ရှိထားသင့်ပါတယ်။

 

  1. Server Redundancy

DC ထဲမှာရှိတဲ့ server တစ်လုံး ဥပမာ − AD server တစ်လုံး အကြောင်း အမျိုးမျိုး ကြောင့် Down သွား ခဲ့ ရင် နောက် server တစ်လုံးက AUTO ပြန်Run မယ်။ (HA) High Availability လုပ်ထားမယ် စတဲ့ backup plan တွေ ရှိရပါမယ်။

  1. Hard disk Redundancy

Server ထဲမှာ ရှိတဲ့ ဥပမာ File Server ထဲမှာ ရှိတဲ့ Hard disk တစ်လုံး ပျက်သွားရင် data တွေ ဆုံးရူံးသွား နိုင်ပါတယ်။ အဲလိုတွေ မဖြစ်အောင် server တွေကို Raid တွေ လုပ်ထားမယ်, backup လုပ်ထားမယ် စတဲ့ Redundancy တွေ ရှိအောင် လုပ်ထားသင့်ပါတယ်။