Network Operation Center (NOC)

Network Operation Center (NOC)

Network Operation Center (NOC) တွေကိုတော့ sensitive အရမ်းဖြစ်တဲ့ Enterprise Network တွေ မှာ အသုံးများပါတယ်။ example _ Banking sector, Telecon, ISP(Internet Service Provider) တွေမှာ အသုံး ပြုတာများပါတယ်။ Network Monitoring tools တွေ ကို ဘာကြောင့် အသုံး ပြုကြပါသလဲ??။ ISP တွေမှာ ဆိုရင် ISP တွေက service ပေးထားတဲ့ customer တွေအတွက် Link Bandwidth တွေ၊ Network Device Utilization တွေ Trunk link up/down အခြေ နေတွေကို 24/7 စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင်Network issue တစ်ခုခုရှိလာ ပြီ ဆိုရင် ဖြေရှင်း လွယ်ကူနိုင်သလို မည်သည့် Node ကError ဖြစ်တယ်ဆိုတာကို သိရှိ နိုင်မှာ ဖြစ်ပါတယ်။ enterprise network တွေမှာ ဆိုရင် Network ထဲမှာ အသုံးပြုနေတဲ့ Network Performance ,serverတွေ ရဲ့ CPU useage တွေ နဲ့ office အတွင်း Run နေတဲ့ FTP server တွေ Mail Server တွေ ကို Downtime မရှိဘဲ အသုံး ပြုနိုင်အောင် Monitoring လုပ်နေဖို့ လိုအပ်ပါတယ်။ 

အသုံးများ တဲMonitoring Tools တွေကတော့

1) ZAbbix

2) SolarWinds

3) PRTG Network Monitor

4) Icinga

5) Datadog တို့ အ ပြင် တခြား Tools တွေလည်း ရှိ ပါတယ်။