Network Communication Medium

သက်ရှိတွေပဲဖြစ်ဖြစ်၊ သက်မဲ့တွေပဲ ဖြစ်ဖြစ် တစ်ဦးနဲ့တစ်ဦး၊ တစ်ခုနဲ့တစ်ခု Communication လုပ်ဖို့ရာ ကြားခံ Medium တွေ လိုအပ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ လူသားတွေလည်း Network ရှိမှ စကားပြောလို့ရတာပါ၊ တစ်ယောက်တည်း စကားပြောလို့မရပါဘူး။ Network ဆိုတာ (၂) ဦးနှင့်အထက် (၂) ခုနှင့်အထက် ချိတ်ဆက်မှုတွေ ပြုလုပ်ထားတာကို ဆိုလိုတာပါ။

Network တစ်ခုချိတ်ဆက်ဖို့ရာ ကြားခံ Medum တွေက အရေးပါလှပါတယ်။ ဒီကြားခံ Medium တွေအပေါ်မူတည်ပြီး Network တစ်ခုရဲ့ Reliable ဖြစ်မှု၊ Performance ကောင်းမှုနဲ့ Long Term Usable ဖြစ်မှုတွေကလည်း ကွာခြားသွားတာ ဖြစ်ပါတယ်။ ယနေ့ခေတ် Communication လုပ်နေတဲ့ ကြားခံ Medium တွေကတော့…

(1) Twisted Pair Cable (UTP/STP)
(2) Fiber Optics Cable
(3) Wireless တို့ပဲ ဖြစ်ပါတယ်။

(1) Twisted Pair Cable – အများအားဖြင့် Local Area Network တွေမှာ ချိတ်ဆက်အသုံးပြုကြပါတယ်။ အကွာအဝေးကန့်သတ်ချက်အားဖြင့် မီတာ (၁၀၀) အတွင်းမှာပဲ ချိတ်ဆက်မှု ပြုလုပ်နိုင်ပါတယ်။ Twisted Paired ဆို တဲ့အတိုင်း Network Cable ထဲမှာ Copper Wired လေးတွေဟာ (၁) ချောင်းနဲ့ (၁) ချောင်း လိမ်ထားတာပါ။ စုစုပေါင်း (၈) ချောင်းပါရှိပါတယ်။ Category အလိုက် Network Cable တွေဟာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိကျွန်တော်တို့ အများစု အသုံးပြုနေတာကတော့ Category-6 (Cat-6) Network Cable တွေပဲ ဖြစ်ပါတယ်။ အောက်ပါပုံလေးကို ကြည့်ရင် နားလည်နိုင်ပါတယ်။

(2) Fiber Cable – LAN, MAN နှင့် WAN တို့ ချိတ်ဆက်တဲ့နေရာမှာ အသုံးပြုကြပါတယ်။ Fiber အမျိုးအစားပေါ်မူတည်ပြီး ရနိုင်တဲ့ အကွာအဝေးတွေက မတူညီကြပါဘူး။

(3) Wireless – ကြိုးမဲ့ Data တွေကို အပို့အယူလုပ်နိုင်တဲ့ တစ်ခုတည်းသော Radio Wave ကို အသုံးပြုတဲ့ ကြားခံ Medium တစ်ခုဖြစ်ပါတယ်။ Radio Wave ကို အသုံးပြုထားတဲ့အတွက် အရာဝတ္ထုတွေနဲ့ တွေ့တဲ့အချိန် Interference တွေ ဖြစ်နိုင်လို့ Data တွေ အပို့အယူလုပ်တဲ့အချိန်မှာ Speed နှေးတဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။