Multi-factor Authentication

Multi-factor & Two-factor Authentication ဆိုတာ Authentication Method တစ်ခုဖြစ်ပါတယ်။ Computer / Mobile Phone အသုံးပြုသူတွေက သက်သေအထောက်အထား နှစ်ခု (ဒါမှမဟုတ်)  နှစ်ခုထက် ပိုသော အချက်အလက်တွေကို Two -factor Authentication Method သို့ ဖြည့်သွင်း ပြီးမှသာ ကိုယ်အသုံးပြုလိုတဲ့ Program (ဒါမှမဟုတ်) Service ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ နေ့စဥ် သုံးစွဲနေကျဖြစ်တဲ့ ATM (Automated teller machine) တွေမှာ ငွေထုတ်ကြပီဆိုပါစို့ ဘာတွေ လိုအပ်တယ်ထင်ပါသလဲ?။

ဟုတ်ပါတယ် ATM Card နဲ့ Password လိုအပ်ပါတယ်။ ဒီလိုမျိုးကိုလည်း Two-factor Authentication လို့ခေါ်လို့ရပါတယ်။

ATM Card တစ်ခုတည်း ရှိရုံနဲ့ ငွေထုတ်ယူလို့မရပါဘူး။ Password လည်း သိဖို့လိုအပ်ပါတယ်။

Something you have, Something you know ဆိုတဲ့အတိုင်း ကျွန်တော် တို့ ​​​နေ့စဥ်သုံးစွဲနေတဲ့ Social App တွေ မိမိ Business အတွက် အလွန်အရေးကြီးတဲ့ APP တွေ ရဲ့ Login credentials တွေ Business Data တွေကို မသမာ​သူတွေ ရဲ့ ခိုးယူခြင်းမခံရအောင် Two-factor authentication ကို အသုံးပြုပြီး လုံခြုံ​​ရေးကောင်းမွန်အောင်လုပ်ဆောင်နိုင်ပါတယ်။

Big Software ကုမ္ပဏီကြီးတေွက ထုတ်တဲ့  App နဲ့ Web App တွေမှာဆိုရင် Two-factor Authentication Support လုပ်ပါတယ်။ Facebook လို  App မှာဆိုရင် Two-factor Authentication Support ပေးပါတယ်။ Two-factor Authentication အသုံးပြုတဲ့ အခါမှာလည်း Authentication App နဲ့အသုံးပြုလို့ရသလို မိမိ ရဲ့ Phone Number ကို SMS OTP(one-time-password ) ပို့ခိုင်းတာမျိုး ရွေးချယ်အသုံးပြုနိုင်ပါတယ်။

Authentication App ကို ရွေးချယ်မယ်ဆိုရင်လည်း Authy, Google, Microsoft လိုမျိုး 2FA app တွေအသုံးပြုဖို့အကြံပြုပါတယ်။