Introduction of Cloud Computing

Cloud Computing

ကျွန်တော် တို့ရုံးတွေမှာ Database server,APP server,DNS server,web server တွေ နဲ့တခြားသော Service တွေ run ထားတယ်ကြတယ်။ ပြီးတော့ ကျွန်တော်တို့ အဲ service တွေ ကျွန်တော်တို့ အသုံးပြုကြပါတယ်။

ကျွန်တော်တို့ အဲ့လို service တွေ အသုံးပြုဖို့ အတွက် ကျွန်တော်တို့ ရုံး DC (Data center)  တွေထဲမှာ Server တွေRun ထားကြတယ် ။ကျွန်တော်တို့ရဲ့ physical DC တွေထဲမှာ Run ပြီး အသုံး ပြုနေကြတာဖြစ်ပါတယ်။Physical Data center တွေကိုတော့ ကျွန်တော် တို့ On premises လို့ လဲခေါ် ဆိုကြပါတယ်။

နောက်တစ်မျိုး ကတော့ ကျွန်တော် တို့ Virtual Data center လို့ခေါ် ကြတဲ့ Type 1 Hyper visor အမျိုး အစားတွေဖြစ်တဲ့ VMware ESXI,Microsoft ရဲ့ Hyper-V တို့ ကို အသုံးပြု ပြီး  Virtual Machine တွေတည်ဆောက်ပြီး service တွေ Run ကြပါတယ်။ Cloud Computing ဆိုတာကတော့

ကျွန်တော်တို့ ရဲ့ DC(Data center) တွေ physical အနေ နဲ့ မ run တော့  ဘဲ Internet ပေါ် ကနေ ပြီး တော့ service တွေ ကို အသုံးပြုကြတာဖြစ်ပါတယ်။ ဥပမာ ကျွန်တော် တို့ ရဲ့ Run ချင်တဲ့  Server တွေ ကို Cloud Service Provider(CSP) တွေ စီ ကနေ ဝယ် ယူပြီး ကိုယ်ပိုင် Data center တစ် ခု ဆောက်ပြီ းအသုံး ပြုသလို ဘဲ အသုံးပြုနိုင်ပါတယ်။

Server အမျိုးအစား Server Specification ပေါ် မူတည်ပြီး Charge တိုးမြင့်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အသုံး ပြုမဲ့ Cloud Service Provider ပေါ် မူတည်ပြီးတော့ လည်း ဈေးနူန်း တွေကွာ ခြား နိုင်ပါတယ်။ Internet ပေါ် ကကျွန်တော်တို့ ရဲ့ DC ကနေ VM,load balancer,Firewall,တွေ Create လုပ်ပြီးတော့အသုံး ပြုနိုင်ပါတယ်။ အဲလို အသုံးပြု ခြင်းကိုတော့ public Cloud Development လို့ ခေါ်  ဆိုနိုင်ပါတယ်။

နာမည် ကြီး့ Cloud  Service Provider တွေကတော့

  1. AWS
  2. Microsoft Azure
  3. Digital Ocean
  4. Google Cloud
  5. Alibaba Cloud တို့ ဖြစ်ပါတယ်။