What is Industry Revolution?

What is Industry Revolution?

စက်မှုတော်လှန်ရေး ( Industry Revolution ) ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ လက်မှုပညာနှင့်စိုက်ပျိုးရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းများနှင့်စက်ပစ္စည်းထုတ်လုပ်မှုများမှ တစ်ဆင့် အရေးကြီးသောလုပ်ငန်းစဉ်များသို့ တိုးတက်ပြောင်းလဲနေတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ စက်မှုတော်လှန်ရေးရဲ့ အဓိကလက္ခဏာတွေမှာတော့ တိုးတက်ပြောင်းလဲနေတဲ့နည်းပညာတွေ၊ လူမှုရေးနယ်ပယ်တွေနဲ့ နိုင်ငံရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေပဲဖြစ်ပါတယ်။

နည်းပညာပြောင်းလဲမှုများတွင်အောက်ပါအချက်တွေပါဝင်ပါတယ်-

(၁) သံနှင့်သံမဏိကဲ့သို့သော အခြေခံပစ္စည်းအသစ်များ အသုံးပြုခြင်း၊
(၂) ဥပမာအားဖြင့် ကျောက်မီးသွေး၊ ရေနွေးငွေ့အင်ဂျင်၊ လျှပ်စစ်ဓာတ်အား၊ ရေနံနှင့် လောင်ကျွမ်းသောနိုင်သော အင်ဂျင်ကဲ့သို့လောင်စာတွေနဲ့ လှုံ့ဆော်မှုစွမ်းအင်တွေဖြစ်တဲ့ စွမ်းအင်အရင်းအမြစ်အသစ်များ အသုံးပြုခြင်း၊
(၃) စက်ပစ္စည်း အသစ်အဆန်းများ တီထွင်ဖန်တီးခြင်း၊ ချည်ငင် နှင့်စွမ်းအင်သုံးစွဲမှုနည်းပါးခြင်းတို့ကြောင့် ထုတ်လုပ်မှုကို တိုးမြှင့်ခြင်းအားဖြင့် စွမ်းအင်ကိုလျော့နည်းစေပါတယ်။
(၄) Factory System ဟုလူသိများသောလုပ်ငန်းအဖွဲ့အသစ်တွေဟာ အလုပ်သမားခွဲဝေမှုတိုးမြှင့်ခြင်းနဲ့ လုပ်ငန်းလည်ပတ်မှုအထူးပြုခြင်းတွေပါဝင်ပါတယ်။
(၅) သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေမှာ ရေနွေးငွေ့စက်ခေါင်းတွေ၊ ရေငုပ်သင်္ဘောတွေ၊ မော်တော်ယာဉ်တွေ၊ လေယာဉ်ပျံတွေ၊ ကြေးနန်တွေနဲ့ ရေဒီယိုတို့ပါဝင်ပါတယ်။
(၆) သိပ္ပံနည်းပညာကို စက်မှုလုပ်ငန်းအတွက် တိုးချဲ့အသုံးပြုခြင်း စတဲ့ နည်းပညာပြောင်းလဲမှုတွေ၊ သဘာဝသယံဇာတများကိုတွင်တွင်ကျယ်ကျယ် တိုးမြှင့်သုံးစွဲခြင်းနဲ့ ထုတ်လုပ်သောကုန်ပစ္စည်းများ အမြောက်အများထုတ်လုပ်ခြင်းကိုဖြစ်စေပါတယ်။

ပထမစက်မှုတော်လှန်ရေး ( The First Industry Revolution )

ပထမဆုံးစက်မှုတော်လှန်ရေး ( The First Industry Revolution )ဟာ ၁၇၀၀ ပြည့်နှစ်နှောင်းပိုင်းနှင့် ၁၈၀၀ ပြည့်နှစ်များအကြားမှာ ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီအချိန်ကာလအတွင်းတွေမှာ ကုန်ထုတ်လုပ်မှုတွေကနေတဆင့် လူတွေရဲ့ လုပ်ဆောင်မှုတွေကိုအာရုံစူးစိုက်ခြင်း၊ တိရိစ္ဆာန်များမှအလုပ်အကူအညီ ရရှိခြင်း၊ ရေနှင့်ရေနွေးငွေ့စွမ်းအင်သုံးအင်ဂျင်နှင့်အခြားစက်ကိရိယာများမှတစ်ဆင့်လူတို့၏လုပ်ဆောင်မှုတွေဟာ ပိုမိုကောင်းမွန်တဲ့ ပုံစံကို ပြောင်းလဲခဲ့ပါတယ်။

ဒုတိယစက်မှုတော်လှန်ရေး ( The Second Industry Revolution )

၂၀ ရာစုအစောပိုင်းကာလတွင် ကမ္ဘာတစ်ဝှမ်းမှာ သံမဏိများစတင်အသုံးပြုခြင်း၊ စက်ရုံများမှာ လျှပ်စစ်ဓာတ်အားသုံးစွဲခြင်းနဲ့အတူ ဒုတိယစက်မှုတော်လှန်ရေး ( The Second Industry Revolution ) စတင်ခဲ့ပါတယ်။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးထုတ်လုပ်သူများကို စွမ်းဆောင်ရည်တိုးမြှင့်စေပြီး စက်ရုံသုံးစက်များကို ပိုမိုရွေ့လျားစေပါတယ်။ ဒီအဆင့်မှာ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးအတွက် production line ကဲ့သို့ အစုလိုက်အပြုံလိုက်ထုတ်လုပ်မှုသဘောတရားများကို စတင်ခဲ့ပါတယ်။

တတိယစက်မှုတော်လှန်ရေး ( The Third Industry Revolution )

၁၉၅၀ နှောင်းပိုင်းနှစ်များ မှစတင်ပြီးတော့ တတိယမြောက်စက်မှုတော်လှန်ရေး ( The Third Industry Revolution ) ဟာ တဖြည်းဖြည်းပေါ်ပေါက်လာပြီးတော့ ထုတ်လုပ်သူတွေဟာ စက်ရုံတွေကို Electronic နဲ့ Computerized Technology တွေကို ပိုမိုထည့်သွင်းလာကြပါတယ်။ အဲ့ဒီကာလတွေအတွင်း ထုတ်လုပ်သူများသည် Analog, Industry Technology, Digital Technology နဲ့ Automatic Technology တွေကို ပိုမိုအလေးပေးတဲ့ ပြောင်းလဲမှုတွေကို စတင်ကြုံတွေ့ခဲ့ရပါတယ်။

 

စတုတ္ထစက်မှုတော်လှန်ရေး (သို့မဟုတ်) စက်မှုလုပ်ငန်း ၄.၀

စက်မှုလုပ်ငန်း ၄.၀ ( Industry 4.0 ) ဆိုတာ စက်မှုတော်လှန်ရေးမှာ အဆင့်အသစ်တစ်ခုကိုရည်ညွှန်းပြီးတော့ ဆက်သွယ်မှု၊ အလိုအလျောက်ဖြစ်ခြင်း၊ စက်ပစ္စည်းဆိုင်ရာ သင်ယူမှုတွေ၊ အချိန်နှင့်တပြေးညီရရှိတဲ့ အချက်အလက်တွေကို အထူးအလေးထားတဲ့ Industry Revolution တစ်ခုပဲဖြစ်ပါတယ်။ Industry 4.0 ကို IIoT (သို့) စမတ်ထုတ်လုပ်မှုလို့လည်းခေါ်ပါတယ်။ Physical production and Operations Management System တွေကိုအဓိကအာရုံစိုက်ကြတဲ့ ကုမ္ပဏီတွေအတွက် ပိုမိုပြည့်စုံကောင်းမွန်စွာချိတ်ဆက်ထားတဲ့ ဂေဟစနစ်ကိုဖန်တီးဖို့ Physical Production နဲ့ Smart Digital Technology ၊ စက်ပစ္စည်းဆိုင်ရာ သင်ယူမှုတွေနဲ့ ကြီးမားတဲ့ ဒေတာအချက်အလက်တွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။