ရုံးမှာအသုံးပြုနေတဲ့ Desktop / Laptop / Tablet / Smartphone အစရှိတဲ့ Devices တွေအားလုံးဟာ ထိန်းချုပ်မှုတစ်ခုအောက်မှာ ရှိနေဖို့လိုအပ်ပါတယ်။
ဘာထိန်းချုပ်မှုမှ မထားရှိဘူးဆိုရင် အသုံးပြုရာမှာ ရုံးအတွက် လိုအပ်တာဖြစ်နိုင်သလို၊ မလိုအပ်တာတွေ အသုံးပြုတာလည်း ဖြစ်နိုင်ပါတယ်။
Internet Access Management (IAM) ဆိုတာကတော့ မိမိ Network အတွင်းမှာ ရှိနေတဲ့ Devices တွေအားလုံးကို နည်းလမ်းအမျိုးမျိုးနဲ့ Control / Prevent / Monitoring စတာတွေ လုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။
IAM ဆိုတာ Software အနေနဲ့ ရှိနိုင်သလို၊ Hardware အနေနဲ့လည်း ရှိနိုင်ပါတယ်…
IAM ရဲ့အဓိက အားသာချက်တွေကတော့
Internet Bandwidth Management
ဥပမာ – ISP တစ်ခုကနေ Internet Line 10Mbps ယူထားတယ်ဆိုပါစို့… ဝန်ထမ်း (၁၀) ယောက်ရှိမယ်ဆိုရင် (၁) ယောက်ကို 1Mbps ရရှိမှာဖြစ်ပါတယ်။ ဝန်ထမ်း (၁၀) ယောက်လုံးကို တူညီတဲ့ Speed ပေးဖို့လိုအပ်ရဲ့လားပေါ့။ တစ်ယောက်ချင်းစီအလိုက် Bandwidth ကို Control လုပ်နိုင်ပါတယ်။
သုံးတဲ့ Usage တွေပေါ်မူတည်ပြီး Priority တွေခွဲထားလို့ရပါသေးတယ်။ Video Streaming ဆိုရင် ဘယ်လောက်၊ Audio ဆိုဘယ်လောက်၊ Web Browsing ဆိုဘယ်လောက် စသဖြင့် Priority တွေ ခွဲထားလို့ရပါသေးတယ်။
အသုံးပြုသူတစ်ယောက်ချင်းစီအလိုက် Bandwidth တွေ မကန့်ထားဘူးဆိုရင် တစ်ယောက်ယောက်က Download တွေ အဆက်မပြတ်ဆွဲနေမယ်ဆိုရင် အခြားသူတွေရဲ့ Internet Speed ကိုပါ ထိခိုက်စေနိုင်ပါတယ်။
Application Control
အခုခေတ် လူတိုင်းအသုံးပြုနေတဲ့ Social Media ဖြစ်တဲ့ Facebook, Instagram, Online Game စတဲ့ Smart Phone မှာ အသုံးပြုတဲ့ Application တွေကို Restricted လုပ်နိုင်ပါတယ်။ ဒါ့အပြင် Pornography App/Website တွေကိုလည်း Restricted လုပ်နိုင်ပါသေးတယ်။
Facebook ကို Restricted လုပ်ရာမှာလည်း Facebook ကြီးတစ်ခုလုံးကို Restricted လုပ်တာမျိုးမဟုတ်ဘဲ Facebook ပေါ် Post တင်တာကိုပဲ ပိတ်မှာလား ?
Messenger ကိုပဲ ပိတ်မှာလား ?
Facebook Live ကိုပိတ်မှာလား ?
Facebook ပေါ်က Video တွေ ကြည့်တာကို ပိတ်မှာလား ?
Facebook Game တွေကိုပိတ်မှာလား စသဖြင့် မိမိလိုအပ်သလို Restriced လုပ်နိုင်ပါတယ်။
Youtube ကို ပိတ်မယ်ဆိုလည်း ထိုနည်းလည်းကောင်းပါပဲ…
ဒါ့အပြင် Internal Report Center ပါရှိသည့်အတွက်ကြောင့် ဘယ် User က ဘယ် Website တွေကို ဘယ်နေ့ဘယ်အချိန်ဘယ်ရက်က ကြည့်သွားသလဲ ဆိုတာကြည့်ရှု့နိုင်မှာ ဖြစ်ပါတယ်။ Click တစ်ချက်နှိပ်ရုံနဲ့ User Report တွေကို pdf / excel format တွေနဲ့ Export ထုတ်နိုင်မှာပဲ ဖြစ်ပါတယ်။
ရုံးအတွင်းမှာ ရှိတဲ့ User Activities / Logs များအား တင်ပြဖို့လိုတယ်ဆိုလည်း အလွယ်တကူ Export ထုတ်ရုံပါပဲ…
Deployment လုပ်ရာမှာလည်း မိမိရုံးမှာရှိပြီးသား Network Infra ကို မထိခိုက်စေချင်ဘူးဆိုရင် Bridge Mode နဲ့ သုံးလိုက်ရုံပါပဲ… Route Mode အနေနဲ့လည်း သုံးလို့ရပါတယ်။
Internet Access Management ဆိုတာကတော့ Hardware Level အလုပ်လုပ်နိုင်တဲ့အတွက် Performance ကောင်းကောင်းနဲ့ အလုပ်လုပ်နိုင်ရုံသာမက Network အတွင်းမှာရှိတဲ့ User တွေကို ကြိုက်နှစ်သစ်သလို စီမံခန့်ခွဲထိန်းချုပ်နိုင်မှာပဲ ဖြစ်ပါတယ်။