Fiber optic cable ဆိုတာ ဘာလဲ

Fiber optic cable

အပိုင်း(၁)

ကျွန်တော်တို့ network ချိတ်ဆက်ရာမှာ network medium တွေ အသုံးပြုရတာတာ တွေ များပါတယ်။ အခု ပြောပြပေးမဲ့ အကြောင်းအရာကတော့ အခုလက်ရှိ networking နယ်ပယ် မှာအသုံး များလျက်ရှိတဲ့ fiber optic cable အကြောင်း ဘဲဖြစ်ပါတယ်။ အဲတော့ စပြီး လေ့လာကြည့်ရအောင်။ ကျွန်တော်တို့ network ချိတ်ဆက်ကြတော့မယ်ဆိုရင် အရင် ဆုံး စဉ်းစား ကြရမှာ က wire နဲ့ လား ဒါမှမဟုတ် wireless နဲ့ လားအရင် စဉ်းစားကြပါတယ်။ wire အသံုံးပြု ချိတ်ဆက် ကြမယ်ဆိုရင်လည်း UTP cable နဲ့ ချိတ်ဆက်မလား fiber cable နဲ့ ချိတ်ဆက်မလား စဉ်းစား ရပြန်တယ်။ UTP မှာ ဆိုရင်လည်း (cat5e) နဲ့ (cat6e) ဆိုပြီး ရှိ သေးတယ်ဗျ။ cat(5e) က 100mbs ကအများဆုံး speed ဖြစ်ပြီးတော့ (cat6e) ဆိုရင် 1000mbs speed အများဆုံး နဲ့သွားပါတယ်။ အဲတော့ ကျွန်တော် တို့ UTP တွေကို အဆောက်အဦးတစ်ခု စာလိုမျိုး Local တွေမှာ ဘဲအသုံးပြုလို့ ပါတယ်။ Fiber Optic Cable နဲ့ ဆိုရင်တော့ အကွာအဝေး များစွာ ချိတ်ဆက်လို့ရပါတယ်။ Fiber cable ကလည်း အမျိုး အစားတွေရှိသေးတယ်ဗျ။ ပြီးတော့ connector အမျိုးအစားများစွာ လည်း ရှိပါသေးတယ်။ Fiber cable က UTP လို electric signal နဲ့ အလုပ်လုပ် တာမဟုတ်ဘဲ Light နဲ့ အလုပ်လုပ်တာ ဖြစ်တဲ့ အတွက် data သွားတဲ့ speed ကတော့ UTP ထက် အများကြီး သာပါတယ်။ Fiber Cable တွေ က Light နဲ့ သွား တယ်ဆိုတော့ 1s ကို မိုင်ပေါင်း (၁သိန်း ၈သောင်း ၆ထောင်)မိုင် ထိသွားနိုင်ပါတယ်။ Fiber Cable တွေကို internet အသုံးပြုဖို့ အတွက် ချိတ်ဆက်ကြသလို ကျွန်တော်တို့ အိမ်တွေမှာ အခုလက်ရှိ တပ်ဆင် ထားတဲ့ CCTV camera တွေ နဲ့ အသုံးပြု လို့ရပါတယ်။ ဒါ့အပြင် TV channel တွေနဲ့လည်း တပ်ဆင် အသုံး ပြုကြည့်ရူလို့ရပါတယ်။ စာရှည် သွားမှာ စိုးလို့ ဒီမှာ ဘဲ အဆုံးသတ်လိုက်မယ် နော်။ Fiber optic cable အပိုင်း(၂)ကို တော့ ဆက်လက် တင် ပေးပါ့မယ်ဗျ။

 

အပိုင်း(၂)

အရင် တစ်ခေါက် တုန်းက fiber optic cable အပိုင်း(၁) ကို ဖတ်ရူပြီး ဗဟုသုတ ရရှိ မယ်လို့ ထင်မိပါတယ်ဗျ။ အခု အပိုင်း(၂)ကို ဆက်ပြီးလေ့လာ ကြရအောင်။ Fiber cable အသုံး ပြု မယ်ဆိုရင်လည်းUTP တွေထက်စာရင်ဈေးနူန်း အရလည်း ကြီး နိုင်သလို Fiber cable တွေ ချိတ်ဆက်ဖို့ အတွက် Tools တွေ အများကြီး အသုံး ပြုမှာ ဖြစ် ပါတယ်။ Fiber cable တွေ အချင်းချင်း ဆက်တော့မယ်ဆိုရင် လည်း splicing စက်လိုအပ်ပါတယ်။ Fiber cable အချင်းချင်း ဆက် တာကြတော့ splicing လုပ်တယ် လို့ခေါ် တယ်ဗျ။ ကဲ Fiber cable ကဘယ်လို အလုပ်လုပ်လဲဗျ။ digital signal ကို Light နဲ့ပြောင်း ပြီး အလုပ်လုပ် ပါတယ်။ ဆံချည် မျှင်လောက်သာရှိဖန်ချောင်းလေးထဲမှာ Light ရဲ့ဂုဏ်သတ္တိ နဲ့ အလုပ်လုပ်တာ ဖြစ်ပါတယ်။ Light နဲ့ လုပ်တယ်ဆိုတဲ့ mode ၂မျျိုးနဲ့အလုပ်လုပ်ပါတယ်။ sigle mode နဲ့ multimode ဖြစ်ပါတယ်။single mode က one directional နဲ့ဘဲ သွားပါတယ်။ပြီတော့ single mode က Laserနဲ့ သွားပါတယ် အဲတော့ တန်းတန်းမတ်မတ် လွင့် ပါတယ်။ Multimode ကတော့ two directional နဲ့ သွား ပါတယ်။ Multimode ကတော့LED နဲ့ သွားပါတယ်။ အဲတော့ ဘယ်ဟာက အကွာအဝေး ပို ရောက်မယ်ထင်ပါသလဲ။ ဟုတ်တယ်ဗျ။ signal mode က distance ဝေးဝေး ပို ရောက်ပါတယ်။ SEMEWE လို ရေအောက် ဆက်ကြောင်းတွေကို laser နဲ့ သုံးပါတယ်။ UTP လိုဘဲ Fiber မှာ လည်း အားနည်း ချက်ရှိတယ်ဗျ။ distance တော်တော်များများ မိုင်ပေါင်း များစွာ ဖြတ်သန်းလာ တဲ့ အခါမှာ အလင်းရဲ့ ဂုဏ်သတ္တိ ကြောင့် ဖြစ်စေ အခြား သော interfa ကြောင့်ဖြစ်စေ အလင်း ကနည်းနည်း ခြင်းစီ ယိုင် လာပါတယ်။ အဲလိုဖြစ်တာကို dispersion(အလင်း ပြန့်ခြင်း)လို့ ခေါ နိုင်ပါတယ်ဗျ။ အဲလို ဖြစ်လာရင် data တွေ ရောက်လိုက် မရောက် လိုက်ဖြစ်တာတွေ ၊ data တွေ မမှန် မကန် ဖြစ်တာတွေ ဖြစ်လာပါတယ်။ ဒါကို ဖြေရှင်းနိုင် တဲ့ teopology တွေ လည်း ပေါ် လာနေပြီဖြစ်ပါတယ်။ signal mode fiber ကို စင်ကာပူ နဲ့ မြန်မာ နိုင်ငံလို မျိုုး မိုင်ပေါင်း ထောင် ချီချိတ်ဆက် တဲ့ နေရာ တွေ မှာ အသုံး ပြုပြီးတော့ multimode fiber ကိုတော့ ၅မိုင် ၇ မိုင် လို ကွာဝေးတဲ့နေရာ မျိုုးတွေ မှာ အသုံး ပြု ကြပါတယ်။ ဒီမှာ ဘဲ အဆုံးသတ်ပရစေအုန်းဗျ။ စာရှည် သွားမှာ မို့ပါ။ Fiber နဲ့ ပတ်သတ်တဲ့ နည်းပညာ တွေကို ဆက်လက် တင်ပေးသွားမှာဦးမှာ ပါ ။ စောင့်မျှော် ဖတ်ရူပေးကြပါလို့။