Anti-virus သည် Endpoint Security ၏ Component တစ်ခုသာဖြစ်ပါတယ်။ Endpoint Security တွင် Anti-virus ကဲ့သို့ Malware များဒဏ်မှ ကာကွယ်ပေးရုံသာမက အခြား security tool များဖြစ်သော Firewall, HIPS System, White Listing Too, Patching and Logging/ Monitoring Tools စသဖြင့် Network တစ်ခုလုံးအတွင်း ဝင်ရောက်လာသော မည်သည့် တိုက်ခိုက်မှုမျိုးကိုမဆို ကာကွယ်ပေးသော စနစ်ဖြစ်ပါတယ်။
အသေးစိတ်ပိုပြောရမယ်ဆိုရင်တော့ Endpoint Security က Client / Server Model ကို အသုံးပြုပြီး အလုပ်လုပ်ပါတယ်။ Server ပိုင်းမှာ Master Instant ကို သွင်းပြီး Client မှာတော့ Agents သွင်းပြီးတော့ Server နှင့် Communicate လုပ်ကာ Endpoint Devices များရဲ့Devices’ health, User Authentication စတဲ့ လုပ်ဆောင်ချက်တွေ စောင့်ကြည့်ဖို့လိုပါတယ်။
ထို့အပြင် Anti-virus ကိုလည်း Server Side မှ တစ်ချက်တည်း Update လှမ်းလုပ်နိုင်ပါတယ်။ Centralized Management များဖြစ်သောကြောင့် အရင် Traditonal Anti-virus တွေထက် များစွာ လွယ်ကူတဲ့အပြင် ရုံးတစ်ခုလုံးရှိ Devices များအားလုံး Security Update မဖြစ်မှာ မပူရတော့ပါဘူး။ ထို့အပြင် Endpoint Security တွင် Internet Security, Endpoint Firewall များ ပါရှိသောကြောင့် ထို Endpoint Devices များဖြစ်တဲ့ (Desktop, Laptops, Mobile Phones, IoT Devices) များအားလုံးကို virus များရန်မှ မဟုတ်ပဲ တိုက်ခိုက်မှုမျိုးစုံမှ ကာကွယ်ပေးပါတယ်။
Endpoint Security သည် On-Premise ဖြစ်ပြီး Cloud-Based နှင့် ထိန်းချုပ်လို့ရသော solution ကို Endpoint protection ဟုလည်းခေါ်ပါတယ်။