Digital Transformation ဟာဘယ်အချက်တွေကြောင့် ခက်ခဲနေတာလဲ?

Digital Transformation

Digital transformation ဟာ ယနေ့မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်လာပါတယ်။ အထူးသဖြင့်အစိုးရအေဂျင်စီများတွင် e-Government သို့ပြောင်းလဲသည့်အခါမှာ အထူးအရေးကြီးပါတယ်။ မြန်မာပြည်မှာအလုပ်လုပ်နေတဲ့လူအများစုဟာဆိုရင် အပြောင်းအလဲတွေကိုကြောက်နေကြတယ်။ အပြောင်းအလဲတွေလုပ်ဖို့ကြောက်ကြတယ်။

Paper Based Workspace ကို Digital Workspace အဖြစ်သို့ပြောင်းလဲရာမှာ စိန်ခေါ်မှုများစွာရှိသည်။

Digital transformationရဲ့ အဓိကသော့ချက်ကတော့

Digitalized system အပေါ်မှာ ယုံကြည်မှုကိုတည်ဆောက်ခြင်းပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့လူအများစု အထူးသဖြင့် IT industry fields တွေမှာဆိုရင်တော့ Digital transformation နဲ့ပတ်သတ်ပြီးတော့ ရင်းနှီးပြီးသားဖြစ်ပေမယ့် Digital စက်ပစ္စည်းများအသုံးပြုခြင်းကို အထူးသဖြင့်အစိုးရဌာနတွေမှာတော့ နည်းပညာအပေါ်မှာ ယုံကြည်ဖို့ခက်ခဲကြပါတယ်။ ဥပမာ လူကိုယ်တိုင် ဌာနဆိုင်ရာအထိ လာရောက်ပေးပို့သောစာကို  Email အသုံးပြုရျ် online မှပေးပို့ခြင်းထက် ပိုမို ဦး စားပေးကြတာကို တွေ့ရပါတယ်။

Digital system အသုံးပြုမှုအပေါ်မယုံကြည်မှုတွေဖြစ်နေကြတာက အစိုးရဌာနတွေမှာသာ မဟုတ်ပဲ ပုဂ္ဂလိကကုမ္ပဏီအချို့တွေပါ ပါဝင်ပါတယ်။

အချို့ဖြစ်ရပ်များကိုကြည့်မယ်ဆိုရင် online မှတဆင့်အလွယ်တကူ အချိန်မကုန်စေပဲ ငွေလွှဲနိုင်တဲ့ Mobile Banking System ကိုတောင်မှ ယုံကြည်မှု အားနည်းနေသေးတဲ့ အဖွဲ့အစည်းတွေများစွာလည်းရှိတေပါသေးတယ်။ ဒါကြောင့် Digital System အပေါ်ကို ယုံကြည်ဖို့ ပထမဦးဆုံးအနေနဲ့ လိုအပ်ပါတယ်။ ယုံကြည်မှုမရှိဘဲနဲ့ ရှေ့သို့သွားရန်မှာအလွန်ခက်ခဲသည်။

ဒုတိယအချက်မှာ လူတွေကို အပြောင်းအလဲတွေကို ကြိုက်နှစ်သက်လာအောင် လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ အပြောင်းအလဲပြစ်လိုက်တဲ့ အရာတွေကို ကြောက်နေစရာမလိုပါဘူး။

ပုံမှန် Manual system ကနေ Digitalized system တစ်ခုသို့ပြောင်းလဲဖို့ဆိုတာ စရိတ်အရမ်း များပါတယ်။  အရင်ကထက် ပိုမိုကောင်းမွန်တဲ့ စနစ်ဖြစ်သော်လည်း ပြောင်းလဲရာ ခက်ခဲလွန်းပါတယ်။ အထူးသဖြင့် ရုံးဌာနတွေမှာ Paperwork System နဲ့ ထုံးစံအတိုင်းအလုပ်လုပ်ကြတဲ့ သူများအတွက်ဆိုရင် ပြောင်းလဲဖို့အတွက် အချိန်ယူပြီးတော့ အသားကျအောင် ဆောင်ရွက်ရပါတယ်။

နောက်ဆုံးအချက်ကတော့ သင်ယူခြင်းပဲဖြစ်ပါတယ်။ စဉ်ဆက်မပြတ်သင်ယူခြင်းဟာ အလွန်အရေးကြီးပါတယ်။ တစ်ခုခုကိုသင်ယူလိုသည့်ဆန္ဒအမြဲရှိရန်အရေးကြီးသည်။ အသစ်အသစ်ဖြစ်နေတဲ့ အရာတွေကိုသင်ယူလိုတဲ့ စိတ်ဆန္ဒမရှိခဲ့ဘူးဆိုရင် ယနေ့ ဒီဂျစ်တယ်ခေတ်မှာ နောက်ကျကျန်နေခဲ့မှာသေချာပါတယ်။ လူတွေဟာ သူတို့ရဲ့ comfort zone ကနေထွက်ဖို့ ၀န်လေးနေကြသရွေ့ Digital transformation ဟာ  ဆက်လက်ပြီးခက်ခဲနေပါလိမ့်မယ်။ အခြားတိုင်းပြည်များတွင် Industry 4.0 သို့ရောက်ရှိနေပြီဖြစ်သော်လည်း ကျွန်တော်တို့ကတော့ 0.4 တွင်သာကျန်နေခဲ့မှာပါ။ အဲ့တာကြောင့်၊ အထက်မှာဖော်ပြခဲ့တဲ့ စိန်ခေါ်မှုတွေကိုကျော်လွှားပြီးတော့ အခွင့်အလမ်းများကိုပိုမိုဖန်တီးတတ်စေရန်သင်ယူဖို့လိုအပ်ပါတယ်။