Digital Transformation ဟာဘယ်အချက်တွေကြောင့် ခက်ခဲနေတာလဲ?

          Digital Transformation ဆိုသည်မှာ လက်ရှိမြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေထဲက ၁ ခုဖြစ်တယ်။ အထူးသဖြင့် အစိုးရငှာနတွေမှာ E-Government အပိုင်းပြောင်းလဲတဲ့အခါ အလွန်အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာအလုပ်လုပ်နေတဲ့ လူတော်တော်များများက Change လုပ်ရမှာကိုကြောက်ကြပါတယ်။ Learn လည်းမလုပ်ချင်ကြဘူး။ အဲ့မှာ ငါးပါးမှောက်တာပဲ။ Paper ကနေ paperless ကိုသွားဖို့အတွက် အဟန့်အတားတွေအများကြီးရှိပါတယ်။ 

        အဓိက အချက်ကတော့ Digital Trust ဆိုတဲ့ ယုံကြည်မှုတွေပဲဖြစ်ပါတယ်။ ဒီမှာရှိတဲ့လူတွေကတော်တော်များများက Digital ကိုမယုံကြည်ကြဘူး။ ဉပမာ − Email နဲ့ပို့လိုက်တဲ့စာတစ်စောင်ဆိုရင် အတည်မဖြစ်ပဲ လူကိုယ်တိုင်လာပေးမှ အတည်ဖြစ်တာတို့ကို ငှာနတိုင်းမှာ ကြုံတွေ့နေရစမြဲ ဖြစ်ပါတယ်။

         Government မှမဟုတ်ပါဘူး။ အပြင် Enterprise Company တွေကအစ Mobile Banking system မျိုးကို Trust မဖြစ်သေးတာတွေရှိပါတယ်။ ဒါကြောင့် Digital ကိုအရင်  Trust ဖြစ်ဖို့က အရေးကြီးပါတယ်။ Trust မဖြစ်ပဲ ရှေ့ဆက်ဖို့ဆိုတာမဖြစ်နိုင်သေးပါဘူး။

         နောက်တစ်ခုက Change ကိုကြိုက်ဖို့ပါ။ Change ရမှာအရမ်းကြောက်မနေဖို့ လိုပါတယ်။ Software တစ်ခုကနေ နောက်တစ်ခုကို Change ဖို့က အစ အလွန်​ြေကာက်ကြတယ်။ ပိုကောင်းတဲ့ System ဖြစ်သော်လည်း Changes လုပ်ဖို့အတွက် အလွန်၀န်လေးကြပါတယ်။

         နောက်ဆုံးအချက်ကတော့ Learning ပါပဲ။Continuous Learning ဟာ အရမ်းအရေးကြီးပါတယ်။ တစ်ခုခုကို အမြဲသင်ယူနေချင်တဲ့ စိတ်ရှိဖို့က အရေးကြီးပါတယ်။ Learning မလုပ်ရင်တော့ ယနေ့ခေတ် Digital ခေတ်မှာ ကျန်နေခဲ့မှာသေချာပါတယ်။ Confort Zone ကနေထွက်ဖို့အလွန်အင်မတန်မှ ၀န်လေးနေကြပါတယ်။ ဒီအချက်တွေ၊ အချိုးတွေမပြင်နိုင်သေးသရွေ့ Digital Trasnformation တွေဟာ ခက်နေဆဲ ခက်နေမြဲ ဖြစ်နေမှာပါ။ အခြားနိုင်ငံတွေမှာ industry 4.0 သွားမယ် ကိုယ်တွေကတော့ 0.4 မှာကျန်နေခဲ့မှာပါပဲ။ ထို့ကြောင့် Learning လေးလုပ်ပြီး အခက်အခဲတွေကျော်လွှားဖို့ လိုအပ်ပါတယ်။