ဒီအခါမှာ Big Data တွေကို ဘယ်လို save ဖြစ်အောင်သိမ်းဆည်းမလဲ။ တစ်ချို့က control လုပ်နိုင်တယ် save မဖြစ်ဘူး၊ save ဖြစ်ပေမယ့် control မလုပ်နိုင်ဘူး စတဲ့ ပြဿနာတွေက ကြုံတွေ့နေကြပါ။ ဒီလိုဖြစ်နေတဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ။ မေးခွန်းတွေများလာပါပြီ။
လက်ရှိမှာရော ဖြေရှင်းနိုင်နေပြီလား။ မြန်မာမှာရှိတဲ့ company တော်တော်များများက data တွေကို တန်ဖိုးမထားကြဘူး။ ကျွန်တော် သင်တန်းတက်တုန်းက ဆရာတစ်ယောက်ပြောဖူးတယ်ဗျ။ company တစ်ခုက data တွေသိချင်ရင် အဲ့ company ကို hack စရာလဲမလိုဘူး။ အတွင်းလူလဲမလိုဘူး။
တစ်နေ့ ၂၀၀ကျပ် ရင်းလိုက်ရင်ရပြီတဲ့။ Company ရှိတဲ့ လမ်းထိပ်က ဘရာကျော်သည်ဆီမှာ တစ်နေ့ ၂၀၀ ဖိုး ပုံမှန်သာဝယ်စား၊ အဲ့ company ရဲ့ income, expense တော်တော်သိရတယ်တဲ့။ရယ်စရာအဖြစ်ပြောပြတာပါ။ အကုန်လုံးကိုတော့မဆိုလိုပေမယ့် လက်ရှိမှာ ခုထပ်ထိ ရှိနေသေးတယ်ဗျ။ ဒါဆို ဘယ်လိုထိန်းသိမ်းမလဲ???