ယနေ့အပြိုင်အဆိုင်လည်ပတ်နေကြတဲ့ ကုမ္ပဏီနှင့်အဖွဲ့အစည်းတိုင်းဟာ ကွဲပြားခြားနားကြသော်လည်း ၎င်းတို့အားလုံးဟာစိန်ခေါ်မှုလုပ်ငန်းစဉ်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ထုတ်ကုန်တွေနဲ့ အချိန်နှင့် တပြေးရရှိနိုင်တဲ့ အချက်အလက်တွေကိုရယူရန်လိုအပ်ပါတယ်။
Industry 4.0 ရဲ့ လူသိများတဲ့ အယူအဆ အချို့ကို ဖော်ပြပေးလိုပါတယ် —
၁။ Enterprise Resource Planning (ERP) – လုပ်ငန်ူအဖွဲ့အစည်းတစ်ခုရဲ့ အချက်အလက်များကို စီမံခန့်ခွဲရန်အသုံးပြုနိုင်သည့် Business Process Management Tool တစ်ခုဖြစ်ခြင်း။
၂။ IoT ( Internet of Things) – IoT ဆိုသည်မှာ Sensor (သို့) စက်ပစ္စည်းတွေနဲ့ internet ကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းများအကြားဆက်သွယ်မှုကိုရည်ညွှန်းပါတယ်။
၁။ IIoT ( Industrial Internet of Thing ): IIoT ဆိုတာကျတော့ လူတွေ၊ Data အချက်အလက်တွေနဲ့ စက်ပစ္စည်းများကြားဆက်သွယ်မှုကိုရည်ညွှန်းပါတယ်။
၂။ Big Data – များပြားပြီးတော့ သေချာဖွဲ့စည်းထားတာလည်းရှိနိုင်သလို သေချာမဖွဲ့စည်းထားတဲ့ အချက်အလက်တွေဖြစ်နိုင်ပြီးတော့ အချက်အလက်တွေ စုဆောင်းနိုင်တယ်၊ ထိန်းသိမ်းနိုင်တယ်၊ ပေါင်းစပ်ဖွဲ့စည်းနိုင်ပြီးတော့ လိုအပ်တဲ့ပုံစံတွေ၊ ခေတ်ရေစီးကြောင်းတွေနဲ့အညီ အသင်းအဖွဲ့အစည်းတွေနဲ့ အခွင့်အလမ်းတွေကို ဖော်ထုတ်နိုင်ရန်စုစည်းသိုလှောင်ပေးနိုင်ပါတယ်။
၃။ Artificial Intelligence (AI): Artificial Intelligence ဆိုတာ computer တစ်လုံးရဲ့ တာဝန်တွေကို ဖန်တီးလုပ်ဆောင်နိုင်ရန် နဲ့ သမိုင်းကြောင်းအရဆိုရင် လိုအပ်သောဆုံးဖြတ်ချက်များချမှတ်ရန် လူ့ဥာဏ်ရည်အချို့လိုအပ်ပါတယ်။
၄။ M2M – M2M ဆိုတာကတော့ (Machine-to-Machine) စက်ပစ္စည်းမှ စက်ပစ္စည်း Wireless သို့မဟုတ် Wired Networks ကနေတဆင့် စက်နှစ်ခုကြားရှိဆက်သွယ်မှုကို ဆိုလိုခြင်းဖြစ်ပါတယ်။
၅။ Digitization: Digitization ဆိုသည်မှာ သတင်းအချက်အလက်အမျိုးမျိုးကို ဒီဂျစ်တယ်ပုံစံသို့စုဆောင်းခြင်းနှင့်ပြောင်းလဲခြင်းဖြစ်စဉ်ကိုရည်ညွှန်းခြင်းဖြစ်ပါတယ်။
၆။ Smart Factory : Smart Factory တွေဆိုတာက Industry 4.0 နည်းပညာ၊ ဖြေရှင်းချက်တွေ နဲ့ ချဉ်းကပ်ခြင်းတွေ ရင်းနှီးမြှုပ်နှံခြင်းနဲ့ မြှင့်တင်ခြင်းတွေကိုဆောင်ရွက်ပေးပါတယ်။
ဒီအယူအဆတွေဟာ စက်ရုံများအတွက် စက်ပစ္စည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်ခုလုံးကို စောင့်ကြည့်နိုင်တယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်များချမှတ် ပိုမိုမြင်သာစေပြီးတော့ စက်ရုံတွေမှာရှိတဲ့ စက်တွေကို wireless connections တွေနဲ့ အာရုံခံကိရိယာတွေ တပ်ဆင်ထားသည့် production system တစ်ခုကိုအလိုအလျောက်ပြုလုပ်နိုင်စေနိုင်ပါတယ်။
Wireless Connections တွေနဲ့ စက်ပစ္စည်းတွေတိုးချဲ့ခြင်းတွေဟာ 5G ကွန်ယက်မှာ အပြည့်အဝလည်ပတ်စေခြင်းအားဖြင့် အလျှင်အမြန်တိုးတက်စေပါလိမ့်မည်။ ပိုမိုမြန်ဆန်သောတုန့်ပြန်မှုတွေနဲ့ ဆက်သွယ်မှုတွေပြုလုပ်နိုင်ပါတယ်။
အဖွဲ့အစည်းအချို့ကတော့ Insustry 4.0 ဆိုတာ သူတို့ရဲ့ စီးပွားရေးကို ဘယ်လိုအကျိုးသက်ရောက်မှုတွေပေးနိုင်တယ် မဟုတ်လည်း သူတို့ရဲ့ ထူးခြားတဲ့အသုံးပြုမှုတွေအတွက် ဘယ်လိုမျိုး အကောင်းဆုံးလိုက်လျောညီထွေဖြစ်အောင်လုပ်ရမလဲဆိုတဲ့ စွမ်းရည် သို့မဟုတ် ဗဟုသုတတွေကို ရှာဖွေနိုင်ဖို့ ခက်ခဲနေသေးတယ်ဆိုတဲ့ အချက်တွေကို ငြင်းဆန်နေကြဆဲဖြစ်ပါတယ်။
အခြားသူတွေကလည်း ယနေ့ခေတ် အပြောင်းအလဲတွေကို အကောင်အထည်ဖော်ပြီးတော့ ကောင်းမွန်သောအနာဂတ်အတွက်ပြင်ဆင်နေကြပြီဖြစ်ပါတယ်။