ကိုယ့် Company Security ကိုကောင်းအောင်လုပ်ထားသင့်လား?

Endpoint Security

လက်ရှိအချိန်မှာ Digital Transformation ကိုဦးတည်လာတာနဲ့ အမျှ မိမိတို့မှာရှိတဲ့ အရေးကြီးတဲ့ Data တွေက Digital Format အနေဖြင့် Cloud ပေါ် ၊ ရုံးတွင်း Computer များ၊ Server များတွင် သိမ်းဆည်းလာကြပါတယ်။

Digital Format ဖြစ်သွားသည်နှင့်အမျှ Malware တွေရဲ့ အန္တရာယ်၊ Hacker တွေရဲ့အန္တရာယ်တွေနဲ့  ရင်ဆိုင်ရပါတော့တယ်။ ဆက်သွယ်ရေးက မြန်ဆန်မှုကို ပေးနိုင်သော်လည်း Security  ပိုင်းမှာအဓိက Challenge တစ်ခုဖြစ်လာပါတယ်။

ဒါကြောင့် Data တွေက အရေးကြီးလာတာနှင့် အမျှ Security Solution များ Devices များကို ၀ယ်ယူသုံးစွဲရပါတော့တယ်။ လက်ရှိအချိန်မှာ Enterprise Company တွေမှာ သာမကပဲ SME များအစ Security ကောင်းအောင်လုပ်ထားသင့်ပါတယ်။

နောက်ပြဿနာတစ်ခုကတော့  Security Solution များ၊ Security Devices များသည် စျေးအလွန်ကြီးနေပါတယ်။  ဒါကတော့ စဉ်းစားကြည့်ရင် ရှင်းရှင်းလေးပါ။ Software တစ်ခုဖြစ်လာအောင်  ရေးတာနဲ့ အဲ့ဒီ Software ကိုလည်း Security ကောင်းအောင်လုပ်တာ ဘယ်ဟာ ပိုခက်မလဲဆိုတာ ပြောဖို့ မလိုပါဘူး။

ဒါပေမဲ့ လက်ရှိအချိန်မှာ Company မှာ 60% ထက်ပိုတဲ့ IT အသုံးစရိတ်တွေဟာ မိမိ Business အတွက် တိုက်ရိုက်မဟုတ်ပဲ Software အသုံးပြုဖို့ Infrastructure, Security အပိုင်းတွေမှာ များနေပါတယ်။​

ဒါကြောင့် IT ပိုင်းမှာ တတ်ကျွမ်းနားလည်တဲ့ Technician တွေနဲ့အရင် ဆွေးနွေးတိုင်ပင်ပြီးမှ လုပ်ဆောင်ကြဖို့တော့ အကြံပြုပါတယ်။

Security ကအလွန်အရေးကြီးလာတဲ့အတွက် ဘယ် Sector ဖြစ်ဖြစ် Security ကိုကောင်းအောင် အနည်းဆုံးတော့ End Point Security လောက်သုံးသင့်ပါတယ်။

ကိုယ့်လုပ်ငန်းက SME Level တစ်ခုဖြစ်ပြီး လက်ရှိအချိန်ထိ Digital စနစ်များကို အသုံးပြုပေမယ့်  Firewall တွေမရှိသေးရင်တောင်မှ Endpoint Security Solution တစ်ခုလောက်တော့ ရှိသင့်ပါတယ်။  ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် အများကြီး ပိုကောင်းပါတယ်။