Microsoft server တွေအသုံးပြုထားတဲ organization တွေမှာ အသုံးပြုထားတဲ့ version တွေက GUI အဖြစ်အသုံးပြုထားကြတာများပါတယ်။ GUI က အသုံးပြုရလွယ် ကူပင်မဲ့ လည်း performance အရသော်လည်းကောင်း ၊ security အရသော်လည်းကောင်း သိပ်မကောင်းပါဘူး။ Core version အနေနဲ့လည်း command တွေ မှတ်မိ နေဖို့ လိုအပ်သလို Server Administrator တစ်ယောက် အနေနဲ့လည်း Skill Full ဖြစ်နေဖို့လို အပ်ပါတယ်။ အချို့ organization တွေမှာ GUI version မှာ အရင် ဆုံး production အတွက် လိုအပ်တဲ့ service တွေ feature တွေ လုပ်ဆောင် ပြီး Core version အဖြစ် ပြောင်းလဲထားတတ် ကြပါတယ်။
GUI version မှ Core version သို့ ပြောင်းလဲ ချင် တယ်ဆိုရင်တော့ power shell ဖွင့် ပြီး အောက်ပါ command လေး ရိုက် ပြီး ပြောင်းလဲ နိုင်ပါတယ်။
uninstall-WindowsFeature Server-GUI-Mgmt-Infra, Server-GUI-Shell –Restart
command ရိုက် ပြီး တာနဲ့ server restart ကျ သွားပြီး ၊ Core version အဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။
GUI version ပြန်ပြောင်းလဲ ချင်တယ် ဆိုရင်တော့
install-WindowsFeature Server-GUI-Mgmt-Infra, Server-GUI-Shell –Restart
Start Installation 100% ပြည့်သွားရင်တော့ restart ဖြစ်သွားပြီး GUI version အဖြစ်အသုံး ပြုနိုင်မှာ ဖြစ်ပါတယ်။