Cloud Service Model

Cloud Service

ကျွန်တော်တို့ Cloud Service အသုံးပြုကြတော့မယ်ဆိုရင် ထပ်ပြီး ထည့်သွင်း စဉ်းစားရမယ့် အချက်တွေ ရှိပါသေးတယ်။ ဘယ်လို Service အမျိုးအစား အသုံး ပြု သင့်သလဲပေါ့???  ။ Cloud Service Model (3)မျိုးရှိပါတယ်။

  1. IaaS  (Infrastructure as a Service)
  2. SaaS  (Software As a Service)
  3. PaaS  (Platform As a Service)  ဆိုပြီး ဖြစ်ပါတယ်။

IaaS(Infrastruture As a Service) ဆိုတာကတော့ Load Balancer,Virtual Machine,Firewall,public & private IP,တခြားတခြားသော Servcie တွေ ကို ကိုယ်ပိုင် Data Center Infrastructure တစ်ခု လို စိတ်ကြိုက်ပြု လုပ်နိုင် ပြီးတော့အချိန် မရွေးပြင်ဆင် နိုင်မှာ ဖြစ်ပါတယ်။

SaaS  (Software As a Service)  ဥပမာ -ကျွန်တော်တို့ ရုံး တွေမှာ ကိုယ်ပိုင် company mail အသုံး ပြုချင် တယ်ဆိုရင် On premises မှာ Exchange server run ရပါတယ်။ Exchange Server အသုံး ပြု မယ် ဆိုရင် လည်း Skill Full ဖြစ်တဲ့  System Administrator တစ်ယောက် ခန့် နိုင်မှ သာ လျှင် အဆင်ပြေ စွာ အသုံး ပြုနိုင် မှာ ဖြစ်ပါတယ်။ အဲလို Exchange Server နဲ့အသုံးမပြု ချင်ဘူး ဆိုရင် G-Suit or O 365  တို့ ကို အသုံးပြုနိုင်ပါတယ်။အဲလို အသုံး ပြု ခြင်းကိုတော့ SaaS  (Software As a Service) လို့ခေါ်နိုင်ပါတယ်။

PaaS  (Platform As a Service) ထားပါစို့ ကျွန်တော်တို့ရဲ့ Local မှာ Database Server အသုံး ပြုထားတယ်။ နေရာအနေ အထား ကြောင့်သော် လည်းကောင်း၊ အခြားသော အကြောင်း အမျိုးမျိုး ကြောင့် Onpremises မှာ Run နေတဲ့  Database Server ကို မထား ချင် တော့ဘူး။ အဲလိုဆိုရင် AWS, Microsoft Azure တို့ လို Cloud service provider တွေ မှာ အဲလို platform service တွေ ဖြစ်တဲ့  Mysql,SQL service တွေ ကို အသင့် ယူသုံး နိုင်ပါတယ်။