Cloud computing ကိုအသုံး ပြုကြတော့ မယ်ဆို ပထမဦးဆုံးရင် Cloud Development Model ကို ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။ Cloud Development Model မှာ ဆိုရင်
- Public Cloud
- Private Cloud
- Hybrid Cloud
- Community Cloud ဆိုပြီးရှိ ပါတယ်။
ကျွန်တော်တို့ ရဲ့ Service တွေကို AWS , Azure Cloud ပေါ်ကနေဘဲတင်ပြီး အကုန်ယူသုံး မယ်ဆိုရင် public Cloud Development လို့ခေါ် ပါတယ်။ မဟုတ်သေးဘူး ကျွန်တော်တို့ ရဲ့ Local Data center ကနေ Open Stack ကို အသုံးပြုပြီး ပိုနေတဲ့ Resource တွေကို AWS, Azure, Google Cloud တို့ လိုCloud service ပြန်လုပ်မယ် ဆိုရင် Private Cloud လို့ ခေါ်နိုင်ပါတယ်။
Hybrid Cloud ကတော့ ကျွန်တော် တို့ ရဲ့ physical Data center ထဲမှာ Database server Run မယ် ၊ AWS, Azure တို့ လို Public Cloud ပေါ်မှာ App server ကို Run မယ် ပြီးရင် အဲ နှစ်လုံး လုံး ကို တွဲ Run မယ် (Public+Private )ပေါ့ အဲလိုတွဲဖက် အသုံး ပြုတာကိုတော့ Hybrid Cloud လို့ ခေါ် ဆိုပါတယ်။ Community Cloud Model ကတော့ ကျွန်တော် တို့ company နဲ့ partner company တွေ အချင်းချင်း ချိတ်ဆက်အသုံ းပြု မယ်ဆိုရင်တော့ Community Cloud Modelလို့ခေါ် ဆိုနိုင်ပါတယ်။
တကယ့် လက်တွေ့ မှာတော့ Public Cloud နဲ့ Hybrid Cloud Model တို့ သာလျှင် အသုံး များပါတယ်။