အပိုင်း (၁)
ယနေ့ခေတ်မှာ လူတိုင်း BYOD(Bring Your Own Device) တွေဟာ လူတစ်ယောက်မှာ အနည်းဆုံး ၃၊ ၄ ခုတော့ကိုင်နေကြပါတယ်။ Laptop, Smart Phone, Smart Watch, Tablet ရှိမယ် ၊ အချို့ဆို phone ၂ လုံးတောင်ကိုင်နေကြတာပါ၊ ဒီအခါမှာ ၁ယောက်ကို ၃၊ ၄ ခု နဲ့ ၁၀ ယောက်ဆို ၃၀၊ ၄၀ ကနေ organization တစ်ခုမှာဆို မရေမတွက်နိုင်တဲ့ BYOD တွေကို ကျွန်တော်တို့ ဘယ်လို manage လုပ်ကြမလဲ။ 2020 မှာ Gartner ရဲ့ ဖော်ပြချက်အရ လူတစ်ယောက်မှာ အနည်းဆုံး smart device ၅ ခု ကိုင်ပြီး enterprise work device တွေထပ် own device သုံးစွဲမှုက ၂ဆ ပိုတက်လာမယ်လို့ ခန့်မှန်းထားတာ တွေ့ရတယ်။ ဒါဆို ကိုယ့် organization မှာ BYOD တွေကို ဘယ်လို control လုပ်ကြမလဲ??? ဒါဟာ organization တိုင်းရဲ့ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တစ်ခုဖြစ်လာသလို challenge တစ်ခုဖြစ်လာပါပြီ။နောက်တစ်ချက်က Enterprise company တော်တော်များများမှာ Amazon AWS, Google Cloud Platform, IBM Cloud, Microsoft Azure စတဲ့ public cloud platforms တွေကို စတင်အသုံးပြုလာနေကြပါပြီ။
အပိုင်း (၂)
ဒီအခါမှာ Big Data တွေကို ဘယ်လို save ဖြစ်အောင်သိမ်းဆည်းမလဲ။ တစ်ချို့က control လုပ်နိုင်တယ် save မဖြစ်ဘူး၊ save ဖြစ်ပေမယ့် control မလုပ်နိုင်ဘူး စတဲ့ ပြဿနာတွေက ကြုံတွေ့နေကြပါ။ ဒီလိုဖြစ်နေတဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ။ မေးခွန်းတွေများလာပါပြီ။ လက်ရှိမှာရော ဖြေရှင်းနိုင်နေပြီလား။ မြန်မာမှာရှိတဲ့ company တော်တော်များများက data တွေကို တန်ဖိုးမထားကြဘူး။ ကျွန်တော် သင်တန်းတက်တုန်းက ဆရာတစ်ယောက်ပြောဖူးတယ်ဗျ။ company တစ်ခုက data တွေသိချင်ရင် အဲ့ company ကို hack စရာလဲမလိုဘူး။ အတွင်းလူလဲမလိုဘူး။ တစ်နေ့ ၂၀၀ကျပ် ရင်းလိုက်ရင်ရပြီတဲ့။ Company ရှိတဲ့ လမ်းထိပ်က ဘရာကျော်သည်ဆီမှာ တစ်နေ့ ၂၀၀ ဖိုး ပုံမှန်သာဝယ်စား၊ အဲ့ company ရဲ့ income, expense တော်တော်သိရတယ်တဲ့။ ရယ်စရာအဖြစ်ပြောပြတာပါ။ အကုန်လုံးကိုတော့မဆိုလိုပေမယ့် လက်ရှိမှာ ခုထပ်ထိ ရှိနေသေးတယ်ဗျ။ ဒါဆို ဘယ်လိုထိန်းသိမ်းမလဲ???
အပိုင်း (၃)
ဒီလိုပြဿနာတွေက visible ဖြစ်လာမှ control လုပ်နိုင်မယ်။ ကိုယ့် company မှာ ပြင်ပက attack တွေမဝင်လာအောင် firewall တွေ ဘယ်လိုကောင်းအောင်ပဲ ရှယ်သုံးပြီး ကာကွယ်ကာကွယ်၊ အတွင်းလူ ဖောက်ရင်တော့ ဘာမှမတတ်နိုင်ဘူးလေ။ ဒါကြောင့် အတွင်းရော၊ အပြင်ရော visible ဖြစ်နေရပါမယ်။ ဒါမှ control လုပ်နိုင်မယ်။ Control လုပ်နိုင်မှ valuable ဖြစ်လာမယ်။ ဒါဆို ဘယ်လို control လုပ်နိုင်မလဲ???
User & Device (eg. Legal & Illegal endpoint , Legal & Illegal users) တွေ၊ App & Content (eg. Porn websites, Gambling websites, Shopping websites, Forums, Cloud Storage, Work emails) တွေ၊ Traffic (eg. Streaming traffic, P2P traffic, Video download, Encrypted traffic, Online conference) တွေ စတာတွေကို control လုပ်နိုင်မှာပဲဖြစ်ပါတယ်။
ဒီလို visible ဖြစ်မယ်၊ control လုပ်နိုင်တယ်ဆိုရင် ဘာတွေကောင်းလာနိုင်မလဲ??? Work Productivity တွေတက်လာမယ်။ Network Management လုပ်ရာမှာ simple ဖြစ်စေတဲ့အပြင် bandwidth management ကို သေချာcontrol လုပ်ပေးနိုင်တဲ့အတွက် bandwidth expense တွေကို save ဖြစ်စေမယ်။ ဒါ့အပြင် ITတွေအနေနဲ့ ရိုးရှင်းတဲ့ UI , zero command ဖြစ်တဲ့အတွက် သုံးရတာ flexible ဖြစ်စေတယ်။ ဒါကြောင့် IAM ဟာ Market မှာ trend ဖြစ်နေတဲ့ device တစ်ခုဖြစ်လာပါတယ်။